ဗန်းမောက်တွင် တိုက်နယ်ဆေးရုံအား စစ်ကောင်စီမှ လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Oct 21, 2022

ကချင်ပြည်နယ် ဗန်းမောက်မြို့နယ်တွင် တိုက်နယ်ဆေးရုံတစ်ခုအား စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံပျက် စီးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း Pinlebu Revolution -PRက ထုတ်ပြန်ထားသည်။

ဗန်းမောက်မြို့နယ် မံယူးကြီးကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံကို ယမန်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့တာပဲ ဖြစ်သည်။

အဆိုပါ ဗုံးကြဲမှုကြောင့် ဆေးရုံပျက်စီးသွားပြီး ဆေးရုံတွင် လုပ်အားပေးကူညီနေသည့် အသက် ၄၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ဒဏ်ရာနှင့် အသက် ၂၀ခန့် လူငယ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး ပြည်သူတချို့လည်း မစိုးရိမ်ဒဏ် ရာများရရှိခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ မံယူးကြီးကျေးရွာက ဒေသခံများအားလုံး စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။