ဖဲဝိုင်းလုပ်နေသည့် ပျူစောထီးများ အတိုက်ခံရပြီး ငါးဦးသေ

Author မင်းထက်
Categories
Published on Jan 08, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ မြောင်ကျေးရွာတွင် ပျူစောထီးများက ဖဲလောင်းကစား ဝိုင်းဖွဲ့ကာ ပြုလုပ်နေစဉ် ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာမှ ကျေးရွာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၄ တာ၀န်ခံ ဗိုလ်တောက်က CJ Platform သို့ ပြောသည်။

 

အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က  ကောင်စီတပ်သားများက လုံခြုံရေးပေးထားသော အုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သူ ဦးကျော်ကိုကို ဦးဆောင်ကာ ပျူစောထီးများ လောင်းကစားဝိုင်း ပြုလုပ်နေစဉ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုတွင် ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဦးကျော်ကိုကို၊ ပျူစောထီး သုံးဦး၊ စစ်ကောင်စီတပ်သား တစ်ဦး စုစုပေါင်း ငါးဦး သေဆုံးသွားကြောင်း သိရသည်။

“စစ်ကောင်စီ ပျူအုပ်ကြီးအပါ ၈ ယောက်ပေါ့၊ တို့၀င်ဆောင့်လဲ ဆောင့်ရော သုံးယောက်က မောင်းပြန်သေနတ်တွေယူပြီး ပြေးတယ်၊ ရမ်းသန်းပစ်တယ်၊ ပြည်သူတွေ ထိခိုက်မှာဆိုးလို့ တို့ရဲဘော်တွေက လိုက်မပစ်တော့ဘူး၊ အဲ့မှာ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားတယ် ပျုအုပ်ကြီးကျော်ကိုကိုအပါ ငါးကောင်ကျတယ် ၊အခုဝင်တိုက်ခဲ့တဲ့ရွာနဲ့ ခမရ ၆ တိမ်မြှုပ်တပ်နဲ့ နီးနီးလေး နှစ်ရွာလောက်ပဲကွယ်တယ်၊ ၁၅ မိနစ်ပဲကြာတာ၊ တို့လည်း လာမလားလို့စောင့်တာ မလာဘူး” ဟု သာယာဝတီ ခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၄  တာ၀န်ခံ ဗိုလ်တောက်က ပြောသည်။

 

ပစ်ခတ်တိုက်ခိုက်မှု​အတွင်း သေဆုံးသွားသော အလောင်းများကို စစ်တပ်က မြို့နယ် မဟာဝိဇယ နာရေးကူညီမှု ကားတစ်စီးကို ရှေ့ပြေးထားကာ စစ်ကား နှစ်စီးဖြင့် လာရောက် ကောက်ယူသွားကြောင်း အထက်ပါတာ၀န်ခံက ဆက်လက် ပြောသည်။

 

တိုက်ပွဲအပြီး လောင်းကစားဝိုင်း အတွင်းမှ လက်လုပ် သေနတ်နှစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ လက်ကောက် နှင့် ဆွဲကြိုးထည့်ထားသည့် ကော်ဗူးတစ်ခု၊ မိုလ် ဘိုင်းဖုန်း သုံးလုံး၊ ငွေသား ၇၈၀၀၀ ကျပ်၊ စစ်ယူနီဖောင်းရှစ်စုံ၊ မှတ်ပုံတင် တစ်ခုနှင့် စာရွက်စာတမ်း အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ရဲဘော်များမှ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ၅ မိနစ်ခန့်ရှင်းလင်းချိန်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မြေပြန့်ရှိ

ကျေးရွာများအထိ ​စစ်ရေးတိုးချဲ့ထွင်ရန် ရှိသောကြောင့် ပြည်သူများအနေဖြင့် လတ်တလောအခြေနေများအား သည်းခံစေချင်ကြောင်း ၊ ထို့ပြင် စစ်ကောင်စီဘက်တော်သား ပျူစောထီးများ အုပ်ချုပ်ရေးမှုးများ အနေဖြင့် စစ်ကောင်စီလမ်းစဥ်အတိုင်းလို က်နာဆောင်ရွက်နေမည် ဆိုပါက ဆက်လက် ရှင်းလင်းမည်ဖြစ်ကြောင်း  အထက်ပါတာ၀န်ခံက အသိပေး ပြောဆိုသည်။

 

ဓာတ်ပုံ – သာယာဝတီ ခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၄