ဖားကန့်မြို့နယ် လုယက်မှုကိစ္စသွားစုံစမ်းသည့် နယ်ထိန်းတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားပါယူသွားခံရ

Author အောင်နိူင်သူ
Categories
Published on Oct 10, 2022

ဖားကန့်မြို့မရဲစခန်းမှ နယ်ထိန်းတစ်ဦး ယနေ့ နံနက်ပိုင်းက လုယက်မှုကိစ္စအား သွားစုံစမ်းစဥ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကားပါယူသွားခြင်းခံလိုက်ရကြောင်း မြို့ခံတွေဆွက သိရသည်။

ဖားကန့်မြို့နယ် မရှိကထောင်ရပ်ကွက်ရှိ ကြိုးတံတားထိပ်တွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကားတံခါးဖွင့်တဲ့အချိန် ပစ်တာ သေနတ်နဲ့ငါးချက်ပစ်တာ သုံးချက်ထိတယ် ပွဲချင်းပြီးပဲ ကားပါယူသွားတာ “ဟုပြောသည်။

ဖားကန်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်သက်နိုင်ဦးသည် လုယက်မှုကိစ္စသွားစုံစမ်းပြီး နေအိမ်သို့ပြန်လာစဥ် လမ်းတွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ပြီး ကားကိုပါယူသားခဲ့တာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ဖားကန့်မှာ ဘယ်ရဲမှ ခေါင်းမထောင်ရဲဘူး KIA ရော PDFရော ကြောက်နေတာ ခေါင်းထောင်တဲ့သူက တော့သေမှာပဲ”ဟု ရှင်းပြသည်။

စစ်ကောင်စီတပ်က သေဆုံးသူရဲတပ်ကြပ်ကို လူနာတင်ယာဥ်ဖြင့် ဖားကန့်မြို့ ဆေးရုံကြီးတွင် ပို့ဆောင်ပြီး မရှိကထောင်ရပ်ကွက် တွင်စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဖားကန်မြို့နယ်တွင် ပြီးခဲ့သည့်လများက KIA နှင့်PDFများမှ ဒုရဲအုပ်အပါအဝင် ရဲဝန်ထမ်းဆယ်ဦးနှင့် အထက်ကို ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။