ဖမ်းဆီးခံရသည့် ဒုတပ်ရင်းမှူး၏ ဇနီးဖြစ်သူအား ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ဟု စစ်ကောင်စီဝါဒဖြန့်သော်လည်း လက်တွေ့တင် အဆက်အသွယ်ပင် မရသေး

Author ကိုပေါက်
Categories
Published on Nov 10, 2022

ပခုက္ကူမြို့နယ် ၁ ရပ်ကွက် ဝီပသာနာလမ်းတွင် ယနေ့ နံနက်ပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသည့် အမှတ် ၄၈ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး၏ ဇနီးဖြစ်သူအား အဆက်အသွယ် မရသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတွေဆီက သိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဖော်ဖူးအခြေစိုက် အမှတ် ၄၈ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှုးမှူး သူရိန်ထွန်း၏ ဇနီး ဒေါ်ဟန်နွေဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အဆက်အသွယ် မရသေးကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“တကယ်တမ်း ဖမ်းမိတယ်ဆို စစ်တပ်က ထုတ်ပြန်မှာပေါ့ မထုတ်ပြန်သေးဘူး ကျနော်တို့လည်း သတင်းစောင့်နေတာ ပြန်တွေ့တယ်လို့ မကြားသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ် ဝါဒဖြန့်ချီရေး တယ်လီဂရမ်အကောင့်များတွင် ကွန်မန်ဒိုများနှင့် သွားရောက်ကယ်တင်၍ မိနစ်လေးဆယ်အတွင်း ဖမ်းဆီးရမိသည်ဟု ဖော်ပြထားသည်ကိစွနှင့်ပါတ်သတ်၍ ပခုက္ကူတွင် နေထိုင်သူတစ်ဦးက စစ်ကောင်စီ၏ လိမ်လည်ဝါဒဖြန့်ချီမှုသာ ဖြစ်သည်ဟု CJ Platform ကို ပြောသည်။

“အဲ့လိုသာ သတင်းတွေထွက်နေတာ ကြံဖွံ့တွေ မဘသတွေ ပခုက္ကူမှာ အကင်ခံရတာ စစ်တပ်ရော ရဲရော အလောင်းတောင် လာမကောက်ရဲဘူး လိုက်ဖို့မပြောနဲ့ အရာရှိမိန်းမဆိုတော့ ပြောလို့မရဘူးပေါ့၊အခုထိ ပြန်ကယ်ဖို့မပြောနဲ့ အစရှာမသေးတာတော့ သေချာတယ် “ဟု သူ၏ အမြင်ကိုပြောသည်။

ပခုက္ကူမြို့နယ် ၁ ရပ်ကွက် ဝီပသာနာလမ်းတွင် ယနေ့ နံနက်ပိုင်းက အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနှင့် စားသောာက်ကုန် လုပ်ငန်းလုပ်ကိုင်သူ မိခင်ဖြစ်သူထံ လာလည်သည့် ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီး ဒေါ်ဟန်နွေဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်သည်။

လက်ရှိအခြေအနေတွင် ပခုက္ကူမြို့နယ် ၁ ရပ်ကွက်အပါအဝင် မြို့ပေါ်နှင့်ကျေးရွာတွေ စစ်ကောင်စီတပ်နှင့် ရဲများက အင်အားအများအပြားဖြင့် လှည့်ကင်းလှည်လည်နေသည်ဟု မြို့ခံတွေဆီက သိရသည်။
ဓာတ်ပုံ-ပေးပို့
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပခုက္ကူမြို့နယ် #ဒုတပ်ရင်းမှူး #ဟန်နွေဦး

Related News

Depend on news