ဖက်ဆစ်စစ်တပ်မှ ဖမ်းဆီးထားသည့် လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လည်လွတ်မြောက်

Author လင်းခိုင်
Categories
Published on Nov 04, 2022

ဖက်ဆစ်စစ်တပ်မှ ဖမ်းဆီးထားသည့် လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ ယနေ့ နံနက်တွင် ပြန်လည် လွတ်မြောက်ပြီ ဖြစ်ကြောင်း၊ ယင်း၏ မိတ်ဆွေတစ်ဦးမှ လူမူကွန်ယက်စာမျက်နှာ၌ ရေးသာထားသည်။

“ လင်းညို့တာရာ ပြန်လွတ်လာပါပြီနော် ဒီနေ့မနက်ပဲ ပျော်လွန်းလို့ ခြေလက်တွေပါတုန်တယ်” ဟု လင်းညို့တာရာ၏ မိတ်ဆွေက လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းခြင်းကြောင့်ဟုဆိုကာ ဖက်ဆစ်စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ဗေဒင်ဆရာ လင်းညို့တာရာကို တောင်ဥက္ကလာပ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ဗေဒင်ဆရာ လင်းညို့တာရာသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ယတြာ အစီရင်အရင်များ ဆောင်ရွက်သည့်အတွက် ဖက်ဆစ်စစ်တပ်သည် ထောင်ဒဏ် ၂နှစ်အထိ ချမှတ် နိုင်သည့် ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်လှစ်ကာ ယင်းကို ထောင်ချခဲ့ခြင်းဖြစ်သည်။

ဗေဒင်ဆရာ လင်းညို့တာရာ ဖမ်းဆီးခံရပြီးနောက် နေ့တွင်လည်း ပြည်သူများက ယင်းကို ပြန်လည်လွှတ်ပေးရန် တောင်ဥက္ကလာပ ရဲစခန်းရှေ့၌ တောင်းဆိုမှုများလည်းပြုလုပ်ခဲ့သည်။

အာဏာမသိမ်းခင်ကာလတွင်လည်း ဗေဒင်ဆရာ လင်းညို့တာရာမှ မြန်မာနိုင်ငံအတွက် အခြေခံဟောချက် ၁၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအချက်အချို့သည် မှန်ကန်နေသည့်အတွက် ပြည်သူများအကြား သတင်းကြီးခဲ့သည်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် အာဏာသိမ်းယူပြီးနောက် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါ၀င်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည့် တေးသံရှင် ပိုပိုနှင့် ဗျူးတီးဘလော့ဂါ ၀င်းမန်းသန်းတို့ သည်လည်း အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။