ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်တည်ခဲ့မှုများကို ကျေးဇူးတင်ကြောင်း NUG ဆို

Author လင်းခိုင်
Categories
Published on Jan 22, 2023

 

ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည် အပ်နှံနိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရည်တည်ခဲ့မှုများကို ကျေးဇူးတင်ကြောင်း၊ တရုတ်နှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ၊ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်က ပေးပို့သည် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ယခုနှစ်တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူး အခါသမယတွင် တရုတ်ပြည်သူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချမ်းသာယာပါစေကြောင်း နှုတ်ခွန်းဆက်သကြောင်း၊ တရုတ်သမ္မတ၏ Xi Jinping ၏ တတိယသက်တမ်း ထမ်းဆောင်ခွင့်ရရှိမှုနှင့် Mr.Qin Gan ၏ နိုင်ငံခြားရေး၀န်ကြီးအဖြစ် ရွေးချယ်ခံရမှုကို လှိုက်လှဲစွာ ကြိုဆိုသည်ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၊ ပြည်သူ့အာဏာ ပြည်သူထံပြန်လည်အပ်နှံနိုင်ရေးအတွက် ရည်တည်ခဲ့မှုများကို အတူးကျေးဇူးတင်ရှိသည်ဟု ၀န်ကြီးဒေါ်ဇင်မာအောင်၏ သ၀ဏ်လွှာတွင် ဆိုထားသည်။

အထူးသဖြင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ မျက်နှာစာတို့တွင် ထောက်ခံ ကူညီပေးနေသည့် အတွက် အထူး ကျေးဇူးတင်ရှိကြောင်း၊ ပြည်သူများအပေါ် အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အုပ်စုနှင့်အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာ ပြည်သူများအပေါ် အိမ်နီးချင်းကောင်းပီသသည်ကို သက်သေ ထူလိုက်ခြင်းဖြစ်သည်ဟု သ၀ဏ်လွှာတွင် ရေးသားထားသည်။

လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး အောင်မြင်မှု အသီးအပါင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွားအပါအ၀င် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိခိုက်စေမည်မဟုတ်ဘဲ ပိုမိုအကျိုးရှိစေမည်သာဖြစ်သည် သ၀ဏ်လွှာတွင် အာမခံထားသည်။

NUG နှင့် မြန်မာပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်နိုင်ငံတော်သစ်သည် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ကောင်းကျိုးအသီးအပွင့်များ ယူဆောင်လာလိမ့်မည်ဖြစ်ကာ၊ စစ်မှန်သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစွာ တည်ထောင်နိုင်မည့် နှစ်တနှစ်ဖြစ်ပါစေကြောင်း ၀န်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်းးထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #တရုတ်နှစ်ကူး #သဝဏ်လွှာ #ဒေါ်ဇင်မာအောင်