ပြည်သူ့ကျောင်းတွေက သင့်ကလေးငယ်ပညာရေးအတွက် ဘာအာမခံနိုင်လဲ?

Published on May 11, 2024

ဖက်ဒရယ်ပညာရေးကိုရည်မျှော်လို့ CJ Platform ကနေ အပတ်စဉ် တင်ဆက်နေတဲ့ “Way To Education” အစီအစဉ်ကနေ ဒီတစ်ပတ်တော့ ပြည်သူ့ပညာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကလေးငယ်တွေအတွက် ပညာရေးအာမခံချက်က ဘာဖြစ်မလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။

 

ဒီအစီအစဉ်လေးဟာ ကိုယ့်သားသမီး ပညာရေးအတွက် ရတတ်မအေးဖြစ်နေတဲ့ မိဘတွေ။ ပဋိပက္ခကာလကြားမှာ ကိုယ့်သားသမီးကို ပညာရေး မသွေဖည်သွားစေချင်တဲ့ မိဘတွေအတွက် ရည်ရွယ်ပါတယ်။

 

ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ များစွာရှိနေပါလိမ့်မယ်။ CJ Platform ရဲ့ “Way To Education” အစီအစဉ်လေးမှာ လာရောက် ရင်ဖွင့်မေးမြန်းနိုင်ပါတယ်။

 

ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စိတ်ထဲမှာ ကြားကာလပညာရေးနဲ့ပတ်သက်ပြီး စိတ်ထဲ ဘာတွေမတင်မကျဖြစ်နေပါသလဲ? ဘာတွေ သိချင်နေပါသလဲ? ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသူတွေကို ဘာတွေများ မေးမြန်းချင်နေပါသလဲ?

 

ကျွန်တော်/ကျွန်မတို့ CJ Platform သတင်းဌာနရဲ့ Facebook Page Messenger ကနေပဲဖြစ်ဖြစ်၊ အခု Post လေးမှာ Comment လေးရေးသားလို့ဖြစ်စေ မေးခွန်းလေးတွေ ချန်ထားခဲ့လို့ ရပါတယ်။

 

မေးမြန်းမှုတွေကို အပတ်စဉ် စနေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ YouTube ၊ တနင်္ဂနွေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ Facebook Page တို့မှာ ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

 

YouTube တွင် ကြည့်ရှုရန် >>> https://youtu.be/r_fYxmOCbaA

 

#CJPlatform #WayToEducation