ပြည်သူအားလုံးပါ၀င်သည့် ယခုတော်လှန်ရေးမအောင်ပါက တိုင်းပြည် နလန်ပြန်ထူနိုင်မည် မဟုတ်ကြောင်း NUG ၀န်ကြီးဆို

Author လင်းခိုင်
Categories
Published on Nov 30, 2022

ပြည်သူအားလုံးပါ၀င်သည့် ယခုတော်လှန်ရေးမအောင်ပါက တိုင်းပြည် နလန်ပြန်ထူနိုင်မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ တူးခေါင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

“ပြည်တွင်း ပြည်ပ နိုင်ငံ အသီးသီးက ပြည်သူအားလုံး ပါ၀င်လှုပ်ရှားနေတဲ့ ဒီတော်လှန်ရေးမှ မအောင်ရင် ကျွန်တော်တို့ နိုင်ငံ ဘယ်တော့မှ နလှန်ပြန်ထူဖို့မရှိဘူး။ အပျော့ဆွဲနေတဲ့ ရန်သူ့မာယာ ကျော့ကွင်းမှာ စိတ်၀မ်းမကွဲဖို့ လဲအရေးကြီးပါတယ်” ဟု ဒေါက်တာ တူးခေါင်က ရေးသားထားသည်။

တော်လှန်ရေးသည် ဘက်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပါ၀င်တိုက်ပွဲ၀င်နေခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။

“ ခုတလော NUGpay မိတ်ဆွေများရဲ့ မေတ္တာကို ရှေ့တန်းက ကလေးတွေ သိမြင်ပါစေဆိုပြီး ကိုယ်တိုင်ရောက်နိုင်တဲ့ နေရာ ထိသွားရောက်အားပေးခဲ့တယ်။ နွေဦးတော်လှန်ရေး စကတည်းက ဒေသမျိုးစုံက တောထဲရောက်နေတဲ့ကလေးတွေ၊ ကျွန်တော်တို့ Online ကမ္ဘာနဲ့ သူတို့နဲ့ကတော့ နဲနဲစိမ်းနေသလိုပဲ၊ တက်ကြွနေကြတယ်။ တွေ့ခဲ့တဲ့ ကလေးတွေက ဒဏ်ရာ ရလို့ဆေးကုခံယူနေတဲ့အဖွဲ့ပါ၊ ဆေးကြုီ့းရင် ရှေ့တန်းပြန်ထွက်မယ်လို့ပြောလို့ပြောတယ်” ဟု ပြည်ထောင်စု၀န်ကြီးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် ဒေသအသီးသီးတွင် နိုင်ငံကောင်းစားရန် လူမသိသူမသိ တိုက်ပွဲ၀င်နေသည့် အညတရ တော်လှန်ရေးရဲဘော်အများကြီးရှိနေသေးကြောင်း၊ အသက်ဆုံးရှုံးမှုများရှိသလို သေရာပါဒဏ်ရာ နှင့် နေသွားရမည့် သူများလဲရှိကြောင်း၊ အရင်းအနှီးမည်းကြောင်း၊ ဘ၀၊ အသက်များထက်စာရင် ကျန်သည့် ကိစ္စများသည် အသေးအဖွဲဖြစ်ကြောင်း ဒေါက်တာ တူးခေါင်က ဆိုသည်။
ဓာတ်ပုံ-Dr.Tu Hkawng
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဒေါက်တာတူးခေါင်