ပြည်သူလူထုပိုင် သယံဇာတများ ကိုယ်တိုင် စီမံဖန်တီးခွင့်ရရရေးအတွက် တော်လှန်ရေး အားကုန်ကြိုးစားပါဝင်ရန်လိုကြောင်း NUGဆို

Author လင်းခိုင်
Categories
Published on Sep 09, 2022

ပြည်သူလူထုအနေဖြင့် ကိုယ်ပိုင်သယံဇာတများကို ကိုယ်တိုင်စီမံ ဖန်တီးခွင့် မြန်မြန်ရရှိရေး တော်လှန်ရေးကခုအားကုန်ကြိုးစားပါဝင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် ဥက္ကဌဖြစ်သည့် ပြည်ထောင်ဝုဝန်ကြီးချုပ်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးချုပ်က သယံဇာတကိစ္စရပ်များဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အန္တရာယ်အကင်းဆုံး ပြည်သူနှင့်အစိုးရအတွက် အကျိုးအရှိဆုံးနှင့်တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကိုရွေးချယ်ဆောင်ရွက်ရန်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန ကြားကာလမြ်ု့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မြို့နယ် သယံဇာတအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပေါင်းစည်းကာ သယံဇာတများကို စနစ်တကျအုပ်ချုပ်ပြီး ဗဟုိချုပ်ကိုင်မှု အနည်းဆုံးဖြစ်သော ပြည်သူဗဟိုပြု သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထဖွံဖြိုးတိုးတက်လာပြီး နောင်တွင် ဖက်ဒရယ်သယံဇာတမူဝါဒကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်ကာလများတွင် သယံဇာတမှရရှိသည့် ငွေသည် ပြည်သူများဆီ မစီးဆင်းဘဲ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်လက်တစ်ဆုပ်စာ လူနည်းစုက ကြီးစိုးချယ်လှယ်လက်ဝါးကြီးအုပ်ချုပ်ကိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားသည်။

သယံဇာတစီမံအုပ်ချုပ်မှု စနစ်တကျ ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်ရေး၊ ပြည်သူ များအတွက် တော်လှန်ရေးကာလနှင့် လျော်ညီသည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းပြည် သယံဇာတထောင်ချောက်မှ အမြန်လွတ်မြောက် စေရေး ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရန် ၎င်းကဆက်လက်ပြောကြားသည်။