ပြည်သူများအပေါ် စစ်ရေးတပ်ဖွဲ့များ ရာဇဝတ်မှုကျူးလွန်ခြင်းမရှိစေရန် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ KNDFဖွဲ့စည်း

Author CJ Platform
Categories
Published on Aug 27, 2022

🖋ခေတ်နီ
ကရင်နီပြည်အတွင်း ပြည်သူများအပေါ်စစ်ရေးတပ် ဖွဲ့များ၏ ရာဇဝတ်မှုကျူးလွန်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ITFကို ဖွဲ့စည်းလိုက်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFက ယနေ့မှာထုတ်ပြန်လိုက်သည်။
ကရင်နီဒေသ အတွင်းမှာ KNDFအပါအဝင် လက်နက်ကိုင်အဖွဲ့များစွာရှိနေပြီး တခါတရံမှာ ပြည်သူများကို နိုင့်ထက်စီးနင်းမှုပြုမူတာတွေရှိနေကြောင်း၊ KNDF၏အမည်ကို တမင်အသုံးချမှုများရှိနေပြီး KNDFတပ်ဖွဲ့ဝင်များအနေဖြင့် အမှန်တကယ်ကျုးလွန်ခဲ့ပါကလဲ စစ်ဆေးအရေးယူနိုင်ရန်အတွက် ITFကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းလိုက်သည့် စုံစမ်းရေးလုပ်ငန်းအဖွဲ့ကို KNDF ဗဟိုနိုင်ငံရေးဌာန၏ ကြီးကြပ်မှုဖြင့် ဗဟိုကော်မတီဝင်များ ၊ဌာနဥဦးစီးမှူးများဖြင့်ဖွဲ့စည်းခဲ့တာဖြစ်ပြီး KNDFအနေဖြင့် ပြစ်မှုကျူးလွန်ခြင်းရှိပါက သို့မဟုတ် KNDFကပြုလုပ်သည်ဟု သံသယရှိပါက ITFကတိုင်ကြားနိုင်တယ်ဟု ထုတ်ပြန်ချက်မှာပါရှိသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့သည် ပြစ်မှုကျူးလွန်သူများကို အထောက်အထားရှာဖွေစုဆောင်းခြင်း ၊စစ်ဆေးမေးမြန်းခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်ပြီး KNDF စစ်ဖက်ဆိုင်ရာအက်ဥပဒေကိုလည်း ရေးဆွဲထားပြီး မကြာမှီ အတည်ပြုပြဌာန်းကာ တပ်အတွင်း၌ ကျင့်သုံးမည်ဖြစ်ကြောင်း၊ ပြဌာန်းချက်နှင့်အညီ ပြစ်မှုများကို အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တပ်ဖွဲ့ဝင်များ၏ နိုင့်ထက်စီးနင်းပြုလုပ်မှုများကို ITFထံတိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏ အချက်အလက်များကို လျှို့ဝှက်သိမ်းဆည်းထားမှာ ဖြစ်တယ်လို့ လည်း ဖော်ပြထားသည်။