ပြည်သူများကို သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခြင်း အနေဖြင့် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ

Author လင်းခိုင်
Categories
Published on Dec 08, 2022

 

စစ်ကောင်စီမှ ကျောင်းသား ၇ ဦးနှင့် ပြည်သူများကို သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်ခြင်း အနေဖြင့် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများက ဒီဇင်ဘာ ၇ ရက်တွင် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း တ က သ ကျောင်းသားဟောင်းများ အင်အားစုထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် နို၀င်ဘာ ၃၀ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအ၀င် လူငယ်လေးဦးအား သေဒဏ်ချမှတ်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများအရ သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးအထိရှိလာပြီဖြစ်ကာ သေဒဏ်ချမျတ်ခြင်းနှင့် ပတ်သက်ပြီး လူထုအကြား စိုးရိမ်မှုများ မြင့်တက်နေသည့်အတွက် အကျဉ်းထောင်အတွင်းမှ ရဲဘော်များက ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု တကသ ကျောင်းသားဟောင်းများ အင်အားစုက ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီက တရားလက်လွတ် သေဒဏ်ချမှတ်နေမှုများကို ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီအား ပိုမိုပြင်းထန်သော ဖိအားပေး အရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအ၀န်းများထံ သို့ တကသ ကျောင်းသားဟောင်းများအင်းအားစုက တောင်းဆိုထားသည်။

ထို့ပြင် ကျိုက်မရော အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒထုတ်ဖော်နေသည့် အကျဉ်းထောင်အတွင်းမှ ရဲဘော်များ၏ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေပြီး၊ အကြမ်းဖက် ဖိနှိပ်မှုများ မလုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်း၊ ပြည်ပ တက်ကြွလှုပ်ရှားသူများ စစ်ကောင်စီကို ဖိအားပေးရန် ထပ်မံ တောင်းဆိုထားသည်။

လက်ရှိ အခြေအနေများကို နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် မသိကျိုးနွံပြုနေပါက စစ်ကောင်စီသည် ပိုမိုဆိုးရွားပြင်းထန်ကာ၊ ရာဇ၀တ်မှုများကို ဆက်လက်တိုးမြင့်ဆောင်ရွက်မည်သာ ဖြစ်ကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျိုက်မရောအကျဉ်းထောင် #သေဒဏ် #နိုင်ငံရေးအကျဉ်းသား #အစာငတ်ခံ