ပြည်မြို့တွင် ရာအိမ်မှူးနှင့် အချင်းများခဲ့သည့် လူငယ်သုံးဦး PDFဆိုကာ ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 09, 2022

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွာဘဲရပ်ကွက်တွင် ယမန်နေ့ညပိုင်းက ရာအိမ်မှူးဖြစ်သူနှင့် အချင်းများခဲ့သည့် လူငယ် သုံးဦးအား PDFများနှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။

ရွာဘဲရပ်ကွက် အောင်ဝေဖြိုးခြံတွင် နေထိုင်သည့် လူငယ် သုံးဦးမှာ တန်ဆောင်ပွဲရက်အတွင်း သောက်စားပျော်ပါးနေရာမှ ရာအိမ်မှူးဖြစ်သူနှင့် အချင်းများ ရန်ဖြစ်ပြီးနောက် PDFနှင့် ဆက်သွယ်နေသူများဟု စွပ်စွဲကာ ဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

“လူငယ် သဘာဝသောက်စားနေတဲ့အချိန် ရာအိမ်မှူးနဲ့ ရန်ဖြစ်ပြီး အဖမ်းခံရတာ ရာအိမ်မှူးက သူ့ကိုသတ်ဖို့ခြိမ်းခြောက်တယ်ဆိုပြီး စစ်တပ်ကို သတင်းပေးလိုက်လို့ အဖမ်းခံရတာ”ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ အောင်ဝေဖြိုးခြံဝန်း၌ နေထိုင်ပြီးအလုပ်လုပ်ကိုင်နေသူ မုန့်အကြော်ဆရာ ကိုအောင်ဘိုဘို ၊ ကိုအောင်လေးနှင့် ကိုဝေဖြိုးဟိန်းတို့ဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောသည်။

“စစ်သားတွေရော ရဲတွေရော ရာအိမ်မှူးလည်း ပါတယ်၊ လာဖမ်းတာ ရိုက်နှက်ပြီးခေါ်သွားတာ ဘယ်မှာချုပ်ထားလည်းတော့ မသိဘူး”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးခံရသူသုံးဦးကို ပြည်မြို့ အမှတ် (၂) မြိုမရဲစခန်းတွင် ဖမ်းဆီးထားပြီးစစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဓာတ်ပုံ- CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform