ပြည်တွင်း စစ်ဘေးဒုက္ခသည် ၁ဒသမ၆ သန်းကျော် အထိရှိလာပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်

Author လင်းခိုင်
Categories
Published on Oct 26, 2022

အကြမ်းဖက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်တွင်း စစ်ဘေးဒုက္ခသည် ၁ဒသမ၆သန်းကျော် အထိ ရှိလာပြီဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန် သည့် ISP Myanmar ၏ အစီရင်ခံစာအရသိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့်အချိန်မှ ယခုနှစ် အောက်တိုဘာ ၁၉ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်တွင်း စစ်ဘေးဒုက္ခသည် ၁၆၅၀၆၁၁ ဦးထက်မနည်းရှိလာခဲ့ပြီး၊ စစ်အာဏာမသိမ်းမီ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည် အရေအတွက် ၄၉၇၂၀၀ ဦးရှိခဲ့ကာ၊ အဆိုပါ ကာလနှစ်ခုစလုံးတွင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည့် ဒုက္ခသည် ၁၀၁၉၁၉၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်း စစ်ဘေးဒုက္ခသည် ၁ဒသမ၆သန်းအနက် တိုက်ပွဲဖြစ်ပွားမှု ပိုမိုမြင့်တက်လာသည့် ၂၀၂၂ ခုနှစ် အတွင်းတွင် စစ်ပြေး ဒုက္ခသည် ၁၀၉၂၉၈၆ ဦးထက် မနည်း တိုးလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်တွင်း စစ်ဘေးဒုက္ခသည်များအနက် စစ် ကိုင်းတိုင်းဒေသကြီးသည် စစ်ဘေးဒုက္ခသည် အများဆုံးဖြစ်ပြီး ၆၈၀၆၂၈ ဦး၊ မကွေးတိုင်းတွင် ၂၄၅၅၀၇ ဦး၊ ကယားတွင် ၁၆၃၆၀၀ ဦး၊ ပဲခူးတွင် ၁၅၈၆၈၁ ဦး၊ ကရင်တွင် ၁၂၉၉၈၆ ဦး၊ ချင်းတွင် ၉၉၀၅၀ ဦး၊ ရှမ်းတွင် ၉၅၀၃၀ ဦး၊ တနင်္သာရီတွင် ၃၀၉၈၆ ဦး၊ မွန်တွင် ၂၆၀၀၀ဦး၊ ကချင်တွင် ၇၉၂၁ဦး၊ မန္တလေးတွင် ၁၃၀၀ ဦးနှင့် ဧရာ၀တီတွင် ၁၀၀၀ ဦး စီဖြစ် ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖော်ပြပါအချက်များသည် သတင်းမီဒီယာများ အ ရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအ ပေါ် အခြေခံပြီး ISP Myanmar မှ လက်လှမ်းမှီသမျှ စုထားခြင်းဖြစ်သည့်အတွက် မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။