ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းဌေး ကွမ်းယာဝယ်နေစဉ် အပစ်ခံရ

Author ကိုပေါက်
Categories
Published on Nov 18, 2022

ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းဌေးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သည်ဟု ဒေသခံတွေဆီက သိရသည်။

ရိုးကြီးကျေးရွာတွင် ကွမ်းယာဝယ်နေသည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးသန်းဌေးကို အမည်မသိ ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ၇ ချက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု‌ေကျးရွာနေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သေတာ ဦးသန်းဌေးမှန်တယ် ပါတီဥက္ကဌ မဟုတ်ဘူး ကျေးရွာစည်းရုံးရေးမှူးပါ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်”ဟု ပြောသည်။

သေဆုံးသူမှာ ရိုးကြီးကျေးရွာမှ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့်နီးစပိသူတစ်ဦးက CJ Platform ကိုပြောသည်။

“ကွမ်းဝယ်နေတဲ့အချိန် သေနတ်နဲ့ ၇ ချက်ပစ်သွားတာ ၄ချက်ထိပြီးသေတယ် ပွဲချင်းပြီးပဲ အခုရွာကို စစ်နေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များသည် ရိုးကြီးကျေးရွာအတွင်း စစ်ဆေးမှုများပြုလုပ်ပြီး ပိတ်ဆို့ရှာဖွေမှုတွေပါ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ခရမ်းမြို့နယ် #ဦးသန်းဌေး #ပြည်ခိုင်ဖြိုးပါတီ