ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲသို့ ပြည်သူများသွားရောက်ခြင်းမပြုကြရန် စစ်ကိုင်းတော်လှန်ရေးအဖွဲ့များ မေတ္တာရပ်ခံ

Author ခူးဆယ်
Categories
Published on Nov 02, 2022

စစ်ကောင်စီမှ လာမည့်နိုဝင်ဘာလ ၄ ရက်တွင် ပြင် ဦးလွင်၌ ကျင်းပမည့် တန်ဆောင်တိုင် မီးပုံပျံပွဲတော် သို့ ပြည်သူများအနေဖြင့် ပါဝင်ဆင်နွဲခြင်းမပြုလုပ် ရန် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များမှ ယနေ့မှာ မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ၅ ရက် တိုင်ကျင်းပကြမည့် စစ်ကောင်စီ၏ အတုယောင် တန်ဆောင်တိုင်ပွဲများအား ပြည်သူများ သွားရောက်လည်ပတ်ခြင်း၊ မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်း၊ စျေးဆိုင်ခန်းများ အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ စီးပွားရေးကြော်ငြာများ အခပေးကာ သွားရောက်ထည့်သွင်းခြင်း၊ စီးပွားရေးလုပ်ကွက်များအား လေလံဆွဲလုပ်ကိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် စစ်ကောင်စီ၏ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ခြင်းဖြင့် တော်လှန်ရေးတွင် သွေးမအေးကြောင်း ပြသပြီး လက်နက်ကိုင် တော်လှန်နေသည့် တော်လှန်ရေးတပ်သားများနှင့်အတူ ရပ်တည်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း စစ်ကိုင်းတိုင်း အတွင်းရှိ တော်လှန်ရေးအဖွဲ့ ၁၃ဖွဲ့ကိုယ်စား Myaung Union Army က ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူပြီး ပြည်သူလူထုအား သတ်ဖြတ်နေသည်ကို ပြည်သူများ နေ့စဥ်တွေ့ကြုံနေရကြောင်း၊ ထိုသို့ အကြမ်းဖက်ပုံရိပ်များအား ဖုံးဖိရန်အတွက် Non CDM ဝန်ထမ်းများနှင့်ပူးပေါင်းပြီး အယောင်ဆောင် ပျော်ပွဲ၊ရွှင်ပွဲအဖြစ် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကျင်းပရန် စီစဥ်နေတာဖြစ်ကြောင်းလဲMyaung Union Armyက ဆိုထားသည်။