ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်

Author အေတီ
Categories
Published on Mar 06, 2024

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ နံနက် ၆နာရီ ၃၅မိနစ်အချိန်ခန့်က ဆီဘောက်ဆာကား မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

 

မီးလောင်မှုသည် ပျော်ဘွယ်မြို့နယ် ယင်းတော်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်း စက်သုံးဆီဆိုင်အနီး ဖြစ်ပွားခဲ့သော်လည်း ဆီဆိုင်သို့ မီးမကူးစက်မီ နယ်မြေခံဖြစ်သည့် ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေ မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနှင့် မိတ္ထီလာမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်လေးစီးတို့ဖြင့် အချိန်မီဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် နံနက် ၇နာရီ ၃၀မိနစ်အချိန်တွင် မီးငြိမ်းသတ်နိင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆီဘောက်ဆာကား မီးလောင်ပျက်စီးဆုံးရူံးမှုအပြင် အခြားလူအသေအပျောက်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိ၊မရှိကို CJ Platformအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။