ပေါင်းတည်မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 27, 2022

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်တွင် စစ် ကောင်စီစစ်ကြောင်းအား ပေါင်းတည်PDFမှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပေါင်းတည်မြို့နယ်၊ လဲပင်ရွာအထက်တွင် အင်အား (၆၀)ခန့်ရှိသော စစ်ကောင်စီ စစ်ကြောင်းကို ပြည်ခရိုင်၊ PDF တပ်ရင်း ၃၆၀၁ မှ ယနေ့ နေ့လည် ၁၂နာရီကျော်ခန့်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက် ကြီးပစ်ကူပြစ်ပြီး၊ စစ်ကြောင်းထိုးလာသည့်လမ်းကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂)က စောင့်ကြိုပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သား အနည်းဆုံး (၆)ဦး သေဆုံးခဲ့ပြီး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီဘက်မှတိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်သို့ RPG ၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်လျက်ရှိနေခြင်းကြောင့် ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလဲ ထုတ်ပြန်ချက်မှာပါရှိသည်။