ပေါက်မြို့နယ် သီးချောက်ရွာကို စစ်ကောင်စီတပ်က၂ ရက်ဆက်တိုက် ဖျက်ဆီး

Author ခေတ်နီ
Categories
Published on Oct 13, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ သီးချောက်ကျေးရွာကို စစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သီးချောက်ကျေးရွာကို စစ်ကောင်စီတပ်များမှ ပင်တောင် သစ်ချိုကုန်း ဝန်ခြုံးရွာက ပျုစောထီးများနှင့် ပူးပေါင်းကာ ယမန်နေ့ အောက်တိုဘာလ ၁၂ရက်နေ့ ညပိုင်းတည်းက မီးရှို့ဖျက်ဆီးနေခဲ့တာဖြစ်ပြီး ယနေ့မနက်ပိုင်းအထိ မီးရှို့ဖျက်ဆီးနေခဲ့တာ ဖြစ်သည်။

“သူတို့ညတည်းကရှို့တာ မီးတောက်ကမြင်မကောင်းဘူး ဒီနေ့မနက်ထိပဲရှို့ပြီးတော့ ပြစ်ထဲရွာဘက်ကို ယောချောင်းကိုဖြတ်ကူးသွားတယ် ဘယ်လောက်ထိမီးထဲပါသွားတော့လဲမသိဘူး “ဟု ဒေသခံတစ်ဦးကဆိုပါသည်။

အခုလိုစစ်ကောင်စီတပ်၏မီးရှို့မှုကြောင့် နေအိမ်အဆောင်အဦးမည်မျှ ပျက်စီးဆုံး ရှုံးခဲ့တယ်ဆိုတာ ကိုတော့ မသိရှိရသေးပါဘူး။