ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးတစ်ဦး ရှင်းလင်းခံရ

Author ခေတ်နီ
Categories
Published on Oct 24, 2022

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း Paungde People Defense Force-PPDF ကထုတ်ပြန်ထားသည်။

ပေါက်ခေါင်းမြို့နယ် လှည်းကူးကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်၀င်းဆိုသူကို ယနေ့မနက် ၁၁ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းမှုသည် နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင် စီ၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူးများကို တာဝန်ကနေ အမြန်ဆုံးနုတ်ထွက်ကာ ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန်ကို တိုက်တွန်းထားပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Related News

Depend on news