ပေါက်ခေါင်းတွင် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်းအား သတ်ဖြတ်ခဲ့သူဟုဆိုသူများကို ဖမ်ဆီးရမိ

Author ခေတ်နီ
Categories
Published on Nov 02, 2022

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်အတွင်း ချေးငွေ‌များ လိုက်လံကောက်ခံပြီး ပြန်လာသည့် Early Dawn Microfinance ချေးငွေကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းအား သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သတင်းထုတ်ပြန်ထားသည်။

Early Dawn Microfinance ချေးငွေလုပ်ငန်းကုမ္ပဏီ၏ ပေါက်ခေါင်းဌာနခွဲမှ သဲကုန်းမြို့နယ် သီးကုန်းကျေးရွာနေမစန်းစန်းမော်(၃၂)နှစ်သည် အောက်တိုဘာလ ၂၈ရက်နေ့က ရှားစီးဖိုကျေးရွာမှ ချေးငွေ ၁၂ သိန်းကျော်ခန့်အား သိမ်းဆည်းပြီး ပြန်လာစဉ် သတ်ဖြတ်ခံရတာပဲ ဖြစ်သည်။

ထိုသို့ ဝန်ထမ်းအမျိုးသမီးသတ်ဖြတ်ခံရမှုကို DAWN မှ ပေါက်ခေါင်းမြို့မရဲစခန်းထံ တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ တရားခံ နေမင်းဦးနှင့် ပူးပေါင်းပါဝင်သူဟုဆိုသူ နေမျိုးအောင်တို့ကို ၎င်းတို့ ယူဆောင်သွားခဲ့သည့်ငွေ ၁၃၅၀၆၀၀ သိန်းအပါအဝင် အခြား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့တာပဲဖြစ်သည်။

ယင်းနောက် ဖမ်းဆီးရမိခဲ့သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ထိုက်တန်သော ပြစ်မှုကျခံစေရေးအတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း DAWMချေး ငွေကုမ္မဏီမှ ထုတ်ပြန်ထားသည်။

Related News

Depend on news