ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျုစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဗုံးခွဲခံရ

Author ခေတ်နီ
Categories
Published on Oct 25, 2022

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များ အစည်းအဝေးပြုလုပ်နေချိန် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force -NMDက ထုတ်ပြန်ထားသည်။

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကျေးရွာအုပ်စု ၊ကန်ဘောက်အရှေ့ရွာ၏၂၅ လမ်း အိုးအိမ်တိုက်ခန်းတစ်ခုမှာ အစည်းအဝေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဦးဆောင်သည့် အဖွဲ့ကို ယမန်နေ့ည ၇ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ပြီး အတိအကျကိုတော့ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်ရခြင်းဟာ CDM ပြုလုပ် ထားသူများကို ဖိအားပေးခြင်းနှင့် လမ်းကြေး မီတာကြေးများ အဓမ္မကောက်ခံနေတာကြောင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းသိရသည်။