ပုသိမ်ကြီးတွင် မိုင်းဆွဲခံရပြီး စစ်သား လေးဦးေ-သဆုံး

Author ခေတ်နီ
Categories
Published on Nov 18, 2022

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့်စစ်သား လေးဦးသေဆုံးခဲ့ကြောင်း နတ်ဆိုးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပုဂံတပ်ကျေးရွာ နှင့် အာလောင်ကျေးရွာအကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပုဂံတပ်ရွာသုဿာန်၏မြောက်ဖက် မတ္တရာနယ်နှင့် ပုသိမ်ကြီးနယ် ကျေးရွာချင်းဆက် ကျောက်သားလမ်းမပေါ်မှာ ယမန်နေ့ ည ၉ နာရီဝန်းကျင်ခန့်မှာ မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဖောက်ခွဲမှုအတွင်း မိုင်း ၁ လုံးမှာ မပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သားများမှ လာရောက်စစ်ဆေးစဥ်မှာ နောက်ထပ်မိုင်းတစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၎င်းတို့နှင့် အတူပါလာသည့် ပျူစောထီးအဖွဲ့ဝင် ၃ဦးလည်း မိုင်းစထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” ဟိုကောင်တွေ ဆင်းလာတာကြားလို့ သွားပြီးပွိုင့်သွားစောင့်တာ ၁ လုံးerrorဖြစ်သွားတာ အဲ့ဒါနဲ့ အဲ့နားရောက်လာပြီး အရပ်ဝတ်တွေနဲ့လာရှာတာ ၁လုံးတွေ့ပြီး ဖြုတ်နေတုန်း မိုင်းဆွဲလိုက်တာ ခွေး၄ကောင်အဲ့နားတင် ကားခနဲပဲ ငပျူ၃ကောင်ထိတာ ၂ကောင်ဒဏ်ရာပြင်းလို့ ဆေးရုံရောက်နေတယ် သေဖို့များတယ်လို့ကြားတယ်”ဟု နတ်ဆိုးအဖွဲ့တာဝန်ရှိသူတစ်ဦးမှ CJ Platform ကိုပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပျူစောထီးအဖွဲ့ဝင် ၃ ဦးအနက်မှ ၂ဦးကိုတော့ ပုဂံပြည်သား ပရဟိတအဖွဲ့မှ အသင်းကားများဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေးတိုင်း #ပုသိမ်ကြီးမြို့နယ် #ပျူစောထီး