ပါးမျဥ်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် တပ်ရင်းမှူး ခါးကျည်ထိမှန်သေဆုံး

Author ခေတ်နီ
Categories
Published on Nov 02, 2022

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ပါးမျဥ်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်ရင်းမှူး အပါအဝင် ၄ဦး သေဆုံးကြောင်း YDFထီးလင်း တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ထီးလင်းမြို့နယ် ကျားခဲကျေးရွာရှိ နေအိမ် ၁၆ လုံးခန့်ကို မီးရှို့ပြီးထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ပါးမျဥ်းကျေးရွာကျေးရွာအတွင်း ၃ ဖွဲ့ခွဲကာ ဝင်ရောက်လာချိန် ယမန်နေ့မနက် ၁၀နာရီဝန်းကျင်ခန့်မှာ YDFထီးလင်းတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း ခါးကျည်ထိမှန် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်၏ တပ်ရင်းမှူးအပါအဝင် ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။