နှစ် ၃၀ ကြာ တပ်စွဲအခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီစခန်းကို KNLA နှင့် ကရင်နီပူးပေါင်းအဖွဲ့သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Dec 18, 2023

ကရင်ပြည်နယ်၊ ဖာပွန်မြို့အတွင်း နှစ် ၃၀ ကြာ အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်းစီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း Force for Federal Democracy(FFD)အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီအင်အား ၁၂၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲထားသည့် မဆုတ်တမ်းခံစစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၉၃၉ ထီးထ/ဖဲထာမို့လို့ကျိုးစခန်းကို နှစ်ကြိမ်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း FFD က ဆိုသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်မှုအပြင် ရဟတ်ယာဥ်ဖြင့် စစ်လက်နက်ပစ္စည်းများချပေးခြင်းများပြုလုပ်ခဲ့ပြီး ပူးပေါင်းတပ်များဘက်ကလည်း အဆိုပါစခန်းအနီး ယာယီစခန်းတစ်ခုထားကာ ရက်ပေါင်း ၂၀ နီးပါးတိုက်ခိုက်မှုအတွင်း Missile  နှင့် Drone တို့ဖြင့် ခံစစ်ကျိုးပျက်အောင်တိုက်ခိုက်ခဲ့ရကြောင်း FFD ထံမှ သိရသည်။

 

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းသိမ်းဆည်းရမှုအခြေအနေနှင့် နှစ်ဖက်တပ်များထိခိုက်မှုအခြေအနေကို မသိရသေးသော်လည်း FFD အနေဖြင့် တိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ကြသူများကို အလေးပြုဦးညွှတ်ကြောင်း ဆိုထားသည်။