နှစ်လနီးပါးကာလအတွင်း ချောင်းဦး PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် ပျူ ၃၉ဦး သေဆုံး

Author လင်းခိုင်
Categories
Published on Nov 25, 2022

 

နှစ်လနီးပါးကာလအတွင်း ချောင်းဦး PDF ပူးပေါင်းတပ်ဖွဲ့ များ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး ၃၉ ဦးသေဆုံးခဲ့ကြောင်း CHU.Weapons Installion မှ သိရသည်။

“မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ခွေးတွေနဲ့ ပျူစောထီးတွေအတွက် မုန့်ဟင်းခါးပွဲရေ တော်တော်များများချက်ထားပါတယ်။ စစ်ခွေးတွေ၊ ပျူတွေ၊ အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ တိုက်ပွဲ၀င်သွားမှာပါ၊ ကျွန်တော်တို့မှာ အထိအခိုက်ရှိပေမယ့် လက်မလျှော့ပါဘူး။ ပြည်သူတွေရဲ့ အားပေးသံနဲ့ လှူဒါန်းပေးဖို့၊ နီးစပ်ရာ PDF တွေကို လှူဒါန်းပေးပါ၊ တော်လှန်ရေးခရီးက လမ်းတစ်၀က်ကျော်လာပါပြီ၊ အားတင်းပြီး ဆက်လျှောက်ပါ”ဟု CHU.Weapons Installion တာ၀န်ခံက CJ Platform သို့ပြောကြားသည်။

နှစ်လနီးပါးကာလအတွင်း PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖော်ဆောင်မှုများသည် အောက်တိုဘာ ၉ ရက်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာအား ၆၀ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှင့် စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက်တွင် တောပုကျေးရွာ ရှိ ပျူစောထီးများကို ၆၀ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် အောက်တိုဘာ ၁၁ ရက်တွင်လည်း မင်းရွာနှင့် မြေနဲရွာ အကြားတွင် စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသည့်အပြင် အောက်တိုဘာ ၁၃ ရက်တွင် မုံရွာမြို့မှ ထွက်လာသည့် စစ်ကောင်စီကား သုံးစီးကို ပဒေသာမိုင်း ၈လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂နှစ်ဦးသေဆုံးခဲ့သည်။

ယင်းအပြင် နို၀င်ဘာ ၁၈ ရက်တွင် လည်း တောပုရွာမှ ပျူစောထီးများနှင့် PDF ရဲဘော်များ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ နို၀င်ဘာ ၁၉ ရက်တွင်လည်း မုံရွာမှထွက်လာသည့် စစ်ကောင်စီကား ၄စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့သေးသည်။

ဆက်လက်ပြီး နို၀င်ဘာ ၁၉ ရက်တွင် မုံရွာမှ ခြေလျှင်လာသည့် စစ်သားများကို PDF ပူးပေါင်းတပ်ဖွဲ့က အင်အားမမျှသည့်အတွက် မိုင်းဆွဲမတိုက်ခိုက်နိုင်ခဲ့သော်လည်း ဆင်ထားသည့် မိုင်းများကို စစ်ကောင်စီတပ်သားများက ဖြုတ်နေစဉ် ပဒေသာမိုင်းကွဲခဲ့ပြီး အယောက် ၂၀ခန့်သေဆုံးခဲ့ပြီး၊ ညနေပိုင်း မန္တလေးမှ လာသည့် စစ်ကား ၁၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား တစ်ဦးထပ်မံသေဆုံးခဲ့သည်။

နှစ်လတာကာလအတွင်း စစ်ဆင်ရေးများကို CHU.Weapons Installion အပြင် Monywa Fighter Group၊ The Brightness.Monywa၊ Peace Takers Task Force၊ ပတ္တမြားညီနောင်၊ အညာ Local တပ်ဖွဲများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – CHU.Weapons Installion ရဲဘော်များအားတွေ့ရစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ချောင်းဦးPDF #ပျူစောထီး