နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆၆၀ ကျော် တွေ့ရှိ၊ သေဆုံးသူ ၂ ဦးရှိ

Published on Oct 15, 2022

အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကိုဗစ်အတည်ပြု လူနာသစ် ၆၆၉ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂ ဦးရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၃ ရက်တွင် ကိုဗစ် အတည်ပြုလူနာသစ် ၃၁၀ ဦးတွေ့ရှိခဲ့ပြီး ယနေ့မှာတော့ ကိုဗစ်အတည်ပြု လူနာသစ် ၃၅၆ ဦး တွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း သေဆုံးသူ နှစ်ဦး ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၇,၉၉၇ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၆၇ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ ယခုချိန်ထိ နေ့စဥ် ပျမ်းမျှအားဖြင့် ၃၀၀ ဝန်းကျင် တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။