နွေဦးမော်ကွန်းသစ်နှင့် နွေဦးရိပ်မွန် မြေကွက်များ ဒေါ်လာ ၁၂သန်းကျော်ဖိုး ရောင်းချပြီးဟုဆို

Author လင်းခိုင်
Categories
Published on Sep 03, 2022

နွေဦးမော်ကွန်းသစ်နှင့် နွေဦးရိပ်မွန် မြေကွက်များ ဒေါ်လာ ၁၂သန်းကျော်ဖိုး ရောင်းချပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နွေဦးမော်ကွန်းသစ် မြေကွက်များသည် ပေ ၆၀ ပေ၈၀ မြေကွက် ၁၅၀နှင့် ပေ ၄၀ ပေ၆၀ မြေကွက် ၅၀၀ စုစုပေါင်စ မြေကွက် အားလုံးစက်တင်ဘာ ၂ရက်တွင်အကုန်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀သန်းကျော်ဖြစ်ကြောင်း သိရသည်။

မင်းဓမ္မရှိ နွေဦးရိပ်မွန် နှင့်ပေါင်းပါက အမေရိကန်ဒေါ်လာ ၁၂သန်းကျော်ဖိုးထိရောင်းချပြီးဖြစ်ကာ လက်ရှိ နွေဦးရိပ်မွန်မြေကွက်အချို့သာ ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

နွေဦးမော်ကွန်းသစ် မြေကွက်များသည် မရမ်းကုန်းမြို့နယ် သံသုမာလမ်းပေါ်ရှိ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းနေရာအား အကွက်ရိုက်ကာ အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချခြင်းဖြစ်သည်။

Related News

Depend on news