နွားလဝိုးတိုက်ပွဲအတွင်းကျဆုံးရဲဘော်များ၏စျာပနကို ယမန်နေ့တွင်ပြုလုပ်

Author ခေတ်နီ
Categories
Published on Oct 17, 2022

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုးကျေးရွာအုပ်စု မှာဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲတွင် ကျဆုံးခဲ့ည့် KNDFရဲဘော် သုံးဦး၏စျာပနကို ယမန်နေ့ကပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF တပ်ရင်း၁၂မှသတင်းထုတ်ပြန်ထားသည်။

နွားလဝိုး​ကျေးရွာအုပ်စု ​မော်ချီးစုစည်းရွာဘုရား​ကျောင်းတွင် တပ်စွဲထား​သည့် စစ်ကောင်စီတပ်ဖွဲ့အားပြီးခဲ့သည့်အောက်တိုဘာလ ၁၄ ရက်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် KNDF တပ်ရင်း ၂ နှင့် တပ်ရင်း ၁၂ တို့ကသွားရောက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများရှိခဲ့သော်လည်း အတည်မပြုနိုင်သေးပဲ KNDFတပ်ရင်း၁၂မှ ရဲဘော် ၃ ဦးလည်းကျဆုံးခဲ့​ခြင်းဖြစ်သည်။

ကျဆုံးရဲဘော်သုံးဦး၏ စျာပနကို အောက်တိုဘာ ၁၆ ရက် ကရင်နီပြည် တစ်နေရာတွင်ပြုလုပ်ခဲ့သည်။