နောက်ဘီးခွေဖြုတ်လဲရန် ဂျိုင့်ထောက်ထားသည့် သုံးဘီးဆိုင်ကယ်လဲကျရမှာ ယာဉ်မောင်းဖြစ်သူ သေဆုံး

Author မေ
Categories
Published on Dec 21, 2022

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၌ ပြုပြင်နေသည့် သုံးဘီးဆိုင်ကယ်လဲကျရာမှ ထိုင်နေသည့် အမျိုးသားအပေါ် ပိမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ရက် မနက် ၉နာရီအချိန်ခန့်က သာပေါင်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ အနီး၌ မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်မှာ နောက်ဘီးခွေ ကျိုးသွားသည့်အတွက် မြေပြင်၌ ဂျိုင့်ထောက်ကာ ပြုပြင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဂျိုင့်ထောက်ကာ ပြုပြင်နေစဉ် မြေသားမညီသည့်အတွက် သုံးဘီးဆိုင်ကယ်မှာ တစ်ဖက်သို့ စောင်းပြီး လဲကျရာမှ ဆိုင်ကယ်ပြုပြင်နေသော သုံးဘီးယာဉ်မောင်းပေါ်သို့ ပိမိသဖြင့် နံရိုးကျိုး၍ အဆုတ်သို့ စိုက်ဝင်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

” သေဆုံးသူက အသက် ၂၄နှစ်အရွယ်ပါ။ ပုသိမ်ကနေ သာပေါင်းကို ပစ္စည်းလာပို့ရင်း သုံးဘီးနောက်ဘီးခွေ ကျိုးသွားတော့ ဘီးကျွတ်ထွက်သွားရော။ အဲ့တာနဲ့ ပုသိမ်အထိ လာဝယ်ပြီး ပြင်နေတာ။ ဂျိုင့်ထောက်နေတုန်း မြေကြီးမညီတာနဲ့ သုံးဘီးလဲကျပြီး ယာဉ်ပိုင်ရှင်ပေါ် ပိမိပြီး သေဆုံးခဲ့တာပါ” ဟု ဘက်စုံလူမှုကူညီရေးအဖွဲ့မှ ကိုမောင်မောင်က ပြောသည်။

သေဆုံးသူအလောင်းအား မိသားစုရှိရာ ပုသိမ်မြို့ရှိ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- ဘက်စုံလူမှုကူညီရေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #သာပေါင်းမြို့ #သုံးဘီးဆိုင်ကယ်