နေပြည်တော် ပန်းတော်ဝင်သစ်ခွဆိုင် ဓားထောက်လုယက်ခဲ့သူများအား ဖမ်းဆီးရမိ

Author ကိုပေါက်
Categories
Published on Oct 30, 2022

နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနားမြို့ ပန်းတော်ဝင်သစ်ခွဆိုင် ဆိုင်ရှင်အမျိုးသမီးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဓားထောက်လုယက်ခဲ့သူဟုဆိုသူများကို ယမန့နေ့ညက ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ပျဥ်းမနားမြို့မရဲစခန်းမှ ပြစ်မှုးကျူးလွန်သူဟု ယူဆရသူများကို ယမန်နေ့ညက ဖမ်းဆီးရမိသည်ဟု အကြောင်းကြားလာ၍ သိရသည်ဟု ဆိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ပစ္စည်းတွေတော့ ပြန်မရသေးဘူး ရဲစခန်းမှာပဲ လုယက်သူနှစ်ဦးအပြင် အပြင်မှာစောင့်နေတဲ့ လူလည်းမိတယ်
ပြောတယ် “ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူများကို ပျဥ်းမနားမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်
နိူင်ရန် စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနားမြို့အာဟာရသုခစျေးလမ်း သီတာအောင် သစ်ခွနှင့်ပန်းအလှပင်ဆိုင်မှ ဆိုင်ရှင်မျိုးသမီးကို အောက်တိုဘာလ ၂၆ရက် ညနေပိုင်းက အမည်မသိအမျိုးသားနှစ်ဦးက ဓားထောက်လုယက်ခဲ့တာ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာ လုယက်၊ ဓားပြတိုက်သတ်ဖြတ်မှု့များ နေ့စဥ်နှင့်အမျှ ဖြစ်ပေါ်နေတာဖြစ်သည်။

Related News

Depend on news