နေပြည်တော်မှာ ရိုက်နှက်ခံရ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းတွေ့

Author CJ Platform
Categories
Published on Jul 17, 2025

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဝန်ကြီးဌာနများရှိရာ လမ်းရဲ့ အနောက်ဘက် တောတွင်းတစ်နေရာမှာ ရိုက်နှက်ခံ ဒဏ်ရာတွေနဲ့ သေဆုံးနေသူ အမျိုးသားအလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်း လူမှုရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။

 

မျက်နှာနဲ့ ဂျိုစောင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် (၅၀) ဝန်းကျင် အမျိုးသားအလောင်းကို ဖြတ်သန်းသွားလာရာ ပြည်သူတွေ တွေ့ရှိရာမှာ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

 

“တောထဲမီးသွေးဖုတ်သူအချင်းချင်း ရန်ဖြစ်တာကနေ အသတ်ခံရတာလို့ ပြောနေကြတယ်”လို့ ဒေသတွင်း လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။

 

ရုပ်အလောင်းကိုတော့ သဗ္ဗသုခနာရေးကူညီမှု အသင်းက သွားရောက် သယ်ယူပေးခဲ့ပြီး နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံ ကြီး ပြင်ပလူနာဌာန (ZONE-D )ကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – သဗ္ဗသုခနာရေးကူညီမှုအသင်း