နို၀င်ဘာလအတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲ ၁၂၀ နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၆၉ ဦး သေဆုံး

Author လင်းခိုင်
Categories
Published on Dec 02, 2022

နို၀င်ဘာလအတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲ ၁၂၀ နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၆၉ ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ယနေ့(ဒီဇင်ဘာ ၂ရက်) တွင် ထုတ်ပြန်ထားသည်။

မူတြော်ခရိုင် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ BGF တပ်များ ထိတွေ့တိုက်ပွဲ ၁၁၆ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီနှင့် လက်အောက်ခံ BGF ဘက်မှ ၆၉ ဦးသေဆုံးပြီး ၅၁ ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးခဲ့သူများအနက် စစ်ကောင်စီတပ်မှ တပ်ကြီးတစ်ဦးပါရှိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွင် ဗိုလ်အဆင့်ရှိသူ တစ်ဦးပါ၀င်ကြောင်း၊ KNU တပ်မဟာ (၅)မှ စစ်သည် ၉ ဦးကျဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ်ရရာ ရရှိခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် မူတြော်ခရိုင်အတွင်းရှိ မြို့နယ် သုံးမြို့နယ်ရှိ ပြည်သူများ၏ ဥယျာဉ်ခြံမြေများကို၊ ရေကြောင်း၊ ကုန်းကြောင်းမှ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နို၀င်ဘာလအတွင်း မူတြော်ခရိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်းဖြင့် ဗုံးသီး ၂၂ ကြိမ်ကျဲခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ ပျက်စီးခဲ့ကြောင်းလည်းသိရသည်။

KNU ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ယင်း၏ လက်အောက်ခံ BGF တပ်များသည် နယ်မြေကျူးကျော်၀င်ရောက်ကာ လူ့အခွင့်အရေးများ ချိုးဖောက်နေသည့်အတွက် နယ်မြေခံ KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများဖြင့် နေ့စဉ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ဓာတ်ပုံ-မူတြော်သတင်းစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNU