နိုဝင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဒီကနေ့မှာပဲ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ပေမဲ့ မြန်မာနိုင်ငံဘက် ဦးတည်လာမှာမဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုလိုက်ကြပါတယ်။
ဒါပေမဲ့ ဒီအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ဒီကနေ့ ညနေပိုင်းအထိ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
အဲဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေရာကနေ မြောက်ဘက်ကိုရွေ့လျားပြီး ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၇၄၅ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၅၅ ခန့်အကွာမှာတည်ရှိနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။