နိုဝင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်

Author CJ Platform
Categories
Published on Nov 18, 2024

ဖိလစ်ပိုင်နိုင်ငံက မုန်တိုင်းမန်ရီ တောင်တရုတ်ပင်လယ်ပြင်ကို ရောက်ရှိလာပါတယ်။

ဖိလစ်ပိုင်နိုင်ငံ လူဇုန်အလယ်ပိုင်းဒေသတွေကိုဖြတ်ကျော်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းမန်ရီဟာ တောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိလာပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဒီကနေ့မနက်ပိုင်းမှာ ထူးခြားဖြစ်စဉ်အနေနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံကိုသက်ရောက်နိုင်ခြေနည်းပါးပြီး မိုးဖွဲဖွဲလေးတွေပဲ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြားထားပါတယ်။