နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဘယ်လို ဖိနှိပ်နေပါသလဲ

Author လင်းနွေဦး
Categories
Published on Feb 04, 2024

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားသူ ပြည်သူတွေကို မတရားဖမ်းဆီး ထောင်ချနေတာ အာဏာသိမ်းပြီးချိန်ကနေ ယနေ့ထိတိုင်ပါပဲ။ ဒါ့အပြင် အကျဉ်းထောင်အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဘယ်လိုတွေတောင်များ လုပ်ဆောင်နေပါသလဲ ဒီတစ်ပတ်မှာတော့ CJ Platform ရဲ့  “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ” ကဏ္ဍမှာ ဖတ်ရှုနိုင်ပါတယ်။

****************************************

 

“ဝမ်းရောဂါတွေ အထဲမှာ ဖြစ်တယ် ပိုမဆိုးအောင် သူတို့ဘာသာသူတို့ ကာကွယ်ရတယ်”

 

သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်ရဲ့ တီးတိုးသံ

 

“ အထဲမှာ သောက်ရေတွေမသန့်ဘူးလေ တခြားသောက်စရာမှ လည်းမရှိတော့ ကြိတ်မှိတ်ပြီးသောက်ရတာပါပဲ ဝမ်းရောဂါတွေ အထဲမှာ ဖြစ်တယ် ပိုမဆိုးအောင် သူတို့ဘာသာသူတို့ ကာကွယ်ရတယ် ဒါပေမဲ့လည်း ဖြစ်နေကြတာပဲ ကိုယ်တွေ လည်း ဆေးတွေ ပို့ပေးရုံကလွဲ ဘာမှ မလုပ်ပေးနိုင်ဘူး ”

****************************************

 

“သူက လေဖြန်းဘူးတယ် သံမံတလင်းလိုအေးရင် သူအိပ်မရဘူး”

 

အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်ရဲ့ တီးတိုးသံ

 

“သူက လေဖြန်းဘူးတယ် သံမံတလင်းလိုအေးရင် သူအိပ်မရဘူးအချမ်းလည်းကြောက်တယ် နောက်ဆုံးတွေ့မိတာ ၂၀၂၃ မတ်လမှာပါ နောက်ပိုင်းမရတော့ဘူး သူကအထဲမှာ စာဖြန့်လို့ တိုက်ပိတ်လို့ ပြောတာပဲ ငါတို့ဘဝကသွားပါပြီ”

****************************************

 

“တကယ်တမ်းကာယကံရှင်တွေနဲ့ ကျွန်မတို့တွေ့ရတဲ့အခါ သူတို့ ဘာမှမရကြဘူး”

 

အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်ရဲ့ တီးတိုးသံ

 

“သူတို့(အကျဉ်းထောင်ဝန်ထမ်း)တွေက ပိုက်ဆံတွေ၊ စားစရာတွေကို အကျဉ်းကျနေသူတွေက တောင်းတယ်ဆိုပြီး မိသားစုဝင်တွေဆီကနေ ယူပေးရတာတွေလုပ်ပြီး၊ တကယ်တမ်း ကာယကံရှင်တွေနဲ့ ကျွန်မတို့ တွေ့ရတဲ့အခါ သူတို့ ဘာမှမရကြဘူးလို့ ပြောကြတယ်။ ကြားထဲက သူတို့က ဖြတ်ယူနေတဲ့သဘောပဲပေါ့”