နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်သူတွေ ကျန်းမာပါစေဟု ဆုတောင်းပေး

Author စကားဝါ
Categories
Published on Dec 30, 2022

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်သူတွေ ကျန်းမာပါစေဟု ဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း BBC၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ရဟတ်ယာဉ် ဝယ်ယူငှါးရမ်းပြုပြင်ထိန်းသိမ်းမှုနှင့် ပက်သက်ပြီး အဂတိလိုက်စားမှုများ ရှိသည်ဟုဆိုကာ စစ်ကောင်စီမှ မတရားစွပ်စွဲထားသည့် အဂတိမှု ငါးမှုနှင့် ပက်သက်ပြီး နေပြည်တော် အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ အပြီးသတ်အမိန့်ချမှတ်သည့် ရုံးချိန်းတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေး ကောင်းမွန်နေသည်ကိုလည်း တွေ့ရှိရကြောင်း BBC၏ သတင်းတွင် ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီမှ ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၉ခုထိ မတရားစွပ်စွဲအမှုဖွင့်လှစ်ထားပြီး ထောင်ဒဏ် ၃၃နှစ်အထိ ချမှတ်ထားကာ နေပြည်တော်အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားလျှက်ရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒေါ်အောင်ဆန်းစုကြည် #နေပြည်တော်အကျဉ်းထောင် #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်