နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်သုံးဦးအား ရွေးကောက်ပွဲဥပဒေဖြင့် စစ်ကောင်စီမှ ထောင်သုံးနှစ်ထပ်မံချမှတ်

Author အောင်နိူင်သူ
Categories
Published on Sep 02, 2022

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ သုံးဦးကို ယနေ့ နေပြည်တော်ရှိ တရားရုံးတွင် ရွေးကောက်ပွဲဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူတို့သုံးဦးကို ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ပုဒ်မ ၁၃၀ (က)နှင့် စွဲဆိုထားသည့်အမှုကို ယနေ့ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်တာဖြစ်သည်ဟု ရှေနေတစ်ဦးက ပြောသည်။

“အမေစုက အရင်က ၁၀ မှုအတွက် ထောင် ၁၇ နှစ်ချခံထားရတာ ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်နဲ့ဆို ထောင်အနှစ်
၂၀ ဆယ်ရှိပြီ”ဟု ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခင် အမှု ၁၀ မှုအတွက် ထောင်ဒဏ်၁၇နှစ် ချမှတ်ခံထားရပြီးဖြစ်ပြီး ယနေ့ချမှတ်လိုက်သည့် ထောက်ဒဏ် (၃) နှစ်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားပြီးဖြစ်သည့် ထောင်ဒဏ်စုစုပေါင်းမှာ နှစ် ၂၀ ထိ ရှိလာပြီဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထပ်ရင်ဆိုင်ရမည့် အမှု (၈) မှု ကျန်သေးပြီး၊ ယင်းအမှုများတွင် ရဟတ်ယာဉ် ဝယ်ယူမှု၊ လျှို့ဝှက်ချက်အက်ဥပဒေမှုတို့အပါအဝင်ဖြစ်သည်။

Photo -AFP