နိုင်ငံတကာ အင်အားနှင့် ပြည်တွင်းလူထုအင်အား ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို လက်တွဲကြိုးပမ်းမည်ဟု ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Nov 29, 2022

 

နိုင်ငံတကာ အင်အားနှင့် ပြည်တွင်း လူထုအင်အား ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို လက်တွဲကြိုးပမ်းမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် ပြည်တွင်းနိုင်ငံရေးရေချိန်နှင့် ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းကြားတွင် ချိတ်ဆက်နေကြောင်း၊ ပြည်တွင်းပြည်သူလူထုအင်အားကို ယုံကြည်ပြီး၊ ပြည်ပရောက် မြန်မာပြည်သူလူထု၏ အင်အားကိုလည်း လျော့မတွက်ကြောင်း ယာယီသမ္မတကပြောကြားသည်။

“နိုင်ငံတကာရဲ့ အင်အားနဲ့ ပြည်တွင်းလူထုရဲ့ အင်အားကို ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို ကျွန်တော်တို့ အားလုံး အတူတကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ တိုက်တွန်းပါတယ်” ဟု ယာယီသမ္မတကပြောကြားသည်။

ပြည်သူလူထု သဘေားသည် အတက်အကျ အနိမ့်အမြင့် ရှိနေတတ်သောကြောင့် သိမြင်နားလည်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အားနှင့် ပြည်တွင်းအားကို လိုက်လျောညီထွေ ဖြစ်အောင်ချိတ်ဆက်ရန်သည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၀င်အားလုံး၌ တာ၀န်ရှိကြောင်း ယင်းက ဆိုသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားသည် ပြည်တွင်း လူထု၏ သဘောထား အရိပ်အယောင်နှင့် ချိတ်ဆက်ထင်ဟပ်နေသည်ဟု ယူဆကြောင်း၊ လူထုအားကို နိုင်ငံတကာအသိုက်အ၀န်းက အလွန်အကျွံ မငြင်းဆန်နိုင်ကြောင်း၊ ဒါကို သိနားလည်းပြီး နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်း လူထုသဘောထားနှင့် နိုင်ငံတကာ အသိုက်အ၀န်း သဘောထားကို ပူးတွဲချိတ်ဆက်ထားရန် ယာယီသမ္မတကပြောကြားသည်။

နိုင်ငံတကာ နိုင်ငံအားလုံးသည် မိတ်ဆွေဖြစ်ဖို့ ခဲယဉ်းသော်လည်း ရန်သူမဖြစ်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၀င်အားလုံးအနေဖြင့် နိုင်ငံတကာ အသိုက်အ၀န်းတွင် မိတ်ဆွေနိုင်ငံများပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ရန် ယာယီသမ္မက အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ