နမ့်ဆန်တွင် TNLAနှင့် စစ်ကောင်စီတပ် ငါးရက်ဆက်တိုက်ပွဲဖြစ်နေ

Author ခေတ်နီ
Categories
Published on Dec 11, 2022

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေမှုသည် ငါးရက်တာ ကာလထိ ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်ဆန်မြို့နယ်အတွင်းရှိ ရဝ်ဘြာန်း(ကုန်းသာ)ကျေးရွာအနီးကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ရဟတ်ယာဥ်ဖြင့် လူချကာ TNLAစခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပဲ ဖြစ်သည်။

စစ်ကောင်စီတပ်မှ ထိုသို့ တိုက်ခိုက်မှုအတွင်း လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီး ပစ်ကူများပါ အသုံးပြုနေပြီး တစ်နေ့လျှင် လေကြောင်းဖြင့် ၆ ကြိမ်ထပ်မနည်း ကင်းထောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သူတို့ဖက်က တစ်နေ့ကို လေကြောင်းနဲ့ ၁၀ ကြိမ်နီးပါလာပစ်တယ်၊ ဘာလို့တပ်စခန်းကို တိုက်တာလဲပြောဖို့ခက်တယ် သူတို့ကုန်းသာကို လူလာချတဲ့အချိန် ရွာနားမှာ ကျနော်တို့ တပ်သားတွေရှိနေတော့ ပစ်ခတ်မှုကစဖြစ်တာပဲ ရွာငါးရွာက ရွာသားတွေကတော့ ရှောင်နေကြပြီ ” TNLAသတင်းနှင့်ပြန်ကြားရေးဌာန မှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်မှ ပြောသည်။

အဆိုပါတို က်ပွဲများအတွင်း ပိတ်မိနေသည့် တပ်သားများကို ကယ်ထုတ်ရန် စစ်ကောင်စီဘက်မှ ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ အကျအဆုံးအချို့ရှိနေပြီး ကယ်ထုတ်၍ မရသေးဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုနှင့် လေကြောင့်ပစ်ခတ်မှုများကြောင့် ကုန်းသာရွာမှ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ- TNLA
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရှမ်းပြည်နယ် #နမ့်ဆန်မြို့ #TNLA