နမ့်ဆန်တွင် လေယာဥ်ဖြင့် ဗုံးကြဲခံရမှုအတွင်း ကလေးငယ် အပါအဝင် အရပ်သားနှစ်ဦးသေ

Author ခေတ်နီ
Categories
Published on Nov 20, 2023

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်မှလေ ​ယာဥ်ဖြင့် ဗုံးကြဲချမှုအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ထုတ်ပြန်ထားသည်။

နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာကို  ယမန်နေ့ နိုဝင်ဘာလ ၁၉   ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကျေးရွာနေ တားဆန်းနော်၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှင်တားဆန်းနော် အပါအဝင် ကလေးငယ်တစ်ဦးတို့ သေဆုံးကာ အရပ်သား ၇ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

 

ထို့အပြင် ထိုတိုက်ခိုက်မှုအတွင်း နေအိမ် ၂၅ လုံးအထိ ထိခိုက်ပျက်စီးခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီကျော် အချိန်အထိ အဆိုပါ ကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိနေသည်။