နမ့်ဆန်တွင် တိုက်ပွဲများငြိမ်သက်သွားသော်လည်း လေကြောင်းဖြင့် ကင်းထောက်ပျံဝဲမှုများ ရှိနေဆဲဟုဆို

Author ခေတ်နီ
Categories
Published on Dec 17, 2022

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း TNLAနှင့် စစ်ကောင်စီတပ်ကြား ရက်သတ္တပတ် တစ်ခုကြာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့ပေမယ့် စစ်ကောင်စီတပ်မှ လေကြောင်းမှ ကင်းထောက်ပျံသန်းမှုနှင့် စစ်လက်နက်ပစ္စည်းတချို့ သယ်ယူမှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ နမ့်ဆန်မြို့နယ်အတွင်းရှိ ကုန်းသာရွာအနီးတဝိုက်ရှိ TNLAစခန်းများကို စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်သည့် ပထမနေ့မှာပင် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်တစ်စီး၏ နေရာချထားမှု မှားယွင်းမှုကြောင့် စစ်ကောင်စီ တပ်သားအများအပြား TNLAတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုခံခဲ့ရပြီး တပတ်တာ တိုက်ပွဲများအတွင်းမှာလည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုသည် ဆယ်ဂဏန်းထိရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အတည်ပြုနိုင်ဖို့ TNLAပြန်ကြားရေးတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ယခုလို ပြန်လည်ဖြေကြားခဲ့သည်။

“အကျအဆုံးတွေကတော့ နှစ်ဖက်လုံးမှာရှိတယ် ကျနော့်ဆီကို အခုထက်ထိတော့ စာရင်းအတိအကျက အခုထိ မရောက်သေးဘူး လိုင်းပေါ်ပျံ့ နေတာတွေကတော့ ကျနော်လဲပြောမတတ်ဘူး”ဟု ဖြေကြားထားသည်။

တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများဖြစ်သည့် ဟူမန်း ၊ကုန်းသာ ၊ပိန်းလုံ ၊မန်လုံး၊ ပန်အလောနှင့် ဆာမ်ငမ် ကျေးရွာများမှဒေသခံ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာဒေသများကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် အရပ်သား ၂ ဦးလည်းသေဆုံးခဲ့သည်။

တိုက်ပွဲများ ပြန်လည်ငြိမ်သက်ချိန်မှာတော့ တာလတ် ပိန်းလုံ နှင့် မန်လုံးကျေးရွာခံတချို့ဟာ နေရပ်ပြန်နေကြပေမယ့် ကုန်းသာကျေးရွာ ဒေသခံများကတော့ တိုက်ပွဲအတွင်း လက်နက်ကြီး အကြွင်းအကျန်များနှင့် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများ ထောင်ခဲ့တာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ပြီးမှသာ နေရပ်ပြန်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

“တချို့စစ်ရှောင်တွေကတော့ပြန်ကုန်ပြီ မန်လုံးဘတို့ပိန်းလုံကလူတွေပေါ့ ကုန်းသာကပြန်လို့မရသေးဘူး တိုက်ပွဲထဲမှာလဲ တရွာလုံးထိထားတာရယ် မပေါက်ကွဲသေးတဲ့ ဗုံးတွေ လက်နက်ကြီးကျည်တွေ အရင်ရှင်းရဦးမယ် စကစဖက်က မြေမြှပ်မိုင်းတွေလဲ ထောင်ခဲ့တော့တဲ့ အဲ့တာတွေပါ ကျနော်တို့ရှင်းနေရတယ် နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ နေရပ်ပြန်လို့ရနိုင်မယ်”ဟု ဒုဗိုလ်မှူးကြီးတာအိုက်ကျော်မှ ပြောသည်။

အဆိုပါ တိုက်ပွဲများသည်ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့မစတင်ကာ နှစ်ဖက်ပစ်ခတ်မှုများ ငြိမ်သက်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ လေကြောင်းပျံသန်းမှုများသည် ယမန်နေ့အထိ ပြုလုပ်ခဲ့ပြီး လက်နက်နှင့် လူများ ပြန်လည်သယ်ဆောင်မှုများလဲ ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ်တွင် တိုင်းပြည်အာဏာကို ၎င်းတို့သိမ်းယူပြီးနောက်ပိုင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့မျာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဆင်နွှဲရာတွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို အလွန်အကျွံအသုံးပြုလေ့ရှိပြီး ယခု TNLAတပ်စခန်းများအား ထိုးစစ်ဆင်မှု ပြုလုပ်ရာတွင်လဲ လေကြာင်း ပစ်ကူများ အလွန်အကျွံ့အသုံးပြုခဲ့ပေမယ့် အကျအဆုံးများစွာဖြင့် အရေးနိမ့်ခဲ့တာပဲ ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နမ့်ဆန် #TNLA