နမ့်ခမ်းမြို့လယ်ဘုရားရှိ စစ်ကောင်စီတပ်ကို တအောင်းတပ်တိုက်ခိုက်၊ လက်နက်များသိမ်းဆည်းရမိ

Author ခေတ်နီ
Categories
Published on Nov 07, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားဝန်းအတွင်း စခန်းချနေသည့်စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက် ၃၀ နီးပါးသိမ်းဆည်းရမိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ထိုစစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ကို ယမန်နေ့နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းမှစတင်ကာ TNLA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်းခစစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေကိုဖော်ပြမထားဘဲ ၎င်းတို့ထံမှ ပစ္စတိုတစ်လက်အပါအဝင် လက်နက် ၂၉ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း TNLAညထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA တိုက်ခိုက်ခဲ့သည့် အဆိုပါနေရာသည် စစ်ကောင်စီတပ်မှ နမ့်ခမ်းဒေသတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ယနေ့အထိ TNLA အနေဖြင့် စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

Related News

Depend on news