နန်းမွေစံကို မြောက်ဒဂုံမြို့နယ်တရားရုံးမှ ထောင်ဒဏ်ခြောက်နှစ် ချ

Author အောင်နိုင်သူ
Categories
Published on Sep 27, 2022

မော်ဒယ်နန်းမွှေ့စံကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ယနေ့ နေ့လယ်ပိုင်းက အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ ဖြင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူတွေဆီက သိရသည်။
အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံး တွင် ယနေ့ နေ့လယ်ပိုင်းက မော်ဒယ်နန်းမွေစံကို ထောင်ဒဏ် ခြောက်နှစ်
ချမှတ်ခဲ့တာဖြစ်သည်ဟု တရားလွှတ်တော်ရှေနေတစ်ဦးက ပြောသည်။
“ရန်ကုန်က စစ်အုပ်ချုပ်ရေး မြို့နယ်တွေထဲမှာ မြောက်ဒဂုံလည်းပါတော့ အမှုကမြန်တယ် ရုံးချိန်းတစ်ပါတ်တည်းနဲ့ အမိန့်ချတာ”ဟု ရှင်းပြသည်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နှင့်နန်းမွေစံ တို့နှစ်ဦးကို စက်တင်ဘာလ ၁၄ ရက်က မြောက်ဒဂုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်သည်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်မှာ စစ်အုပ်ချုပ်ရေးတွင်ပါဝင်ခြင်းမရှိသည့် မြို့နယ်ဖြစ်သည့်အတွက် အမှုကိုဆက်
လက်ရင်ဆိုင်ရမှာဖြစ်သည်ဟု တရားရုံးနှင့်နီးစပ်သူတွေဆီက သိရသည်။
၎င်းတို့နှစ်ဦးကို သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အီလက်ထောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အင်းစိန်းအကျဥ်းထောင်တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။