နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ ပျူစောထီးခေါင်းဆောင်များကို ရှင်းလင်းခဲ့ဟုဆို

Author လင်းခိုင်
Categories
Published on Oct 13, 2022

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ ပျူစောထီးခေါင်းဆောင်များကို ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ယနေ့ အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်ပြီး ပြည်သူအား အကြမ်းဖက်နေသည့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် စိုးအောင်နှင့် အဖွဲ့၀င်သုံးယောက်အား စက်တင်ဘာ ၁၄ရက်တွင် ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် အောက်တိုဘာ ၁၀ရက် ညနေ ၆နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ရွာမှ အဒွေးနှင့် ငမိုးခေါင်းဆောင်သော ပျူစောထီးအဖွဲ့အား ၀င်ရောက်ရှင်းလင်းခဲ့ပြီး ခေါင်းဆောင်နှစ်ဦးကို သုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်များသည် လူငယ်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေကြေးများတောင်ခံခြင်းနှင့် လောင်းကစားဒိုင်များဖွင့်ကာ တရားမ၀င်အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဆိုသည်။