နတ်မောက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေနတ်တစ်လက် သိမ်းဆည်းရမိ

Author ခေတ်နီ
Categories
Published on Oct 17, 2022

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေနတ်တစ်လက် သိမ်းဆည်းမိခဲ့ကြောင်း ဂဠုန်တပ်ဖွဲ့ နတ်မောက်PDFက ယနေ့မှာ သတင်းထုတ်ပြန်ထားသည်။

နတ်မောက်မြို့နယ် ဖက်တောရေကျေးရွာ အနီး နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်လာသော စစ်ကောင်စီတပ်သား ရှစ် ဦးခန့်အား ဂဠုန်တပ်ဖွဲ့နတ်မောက် PDF ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ ညပိုင်းမှာ တိုက်ခိုက်ခဲ့တာပဲဖြ စ်သည်။

အဆိုပါတိုက်ပွဲသည် မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီးစစ် ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ လက်နက်တစ်လက်သိမ်းဆည်းရမိပြီး PDFပူးပေါင်းအဖွဲ့မှ မစိုးရိမ်ရဒဏ်ရာ ၂ဦးရရှိခဲ့ကြောင်း သိရသည်။

Related News

Depend on news