နတခအတွင်း အရာရှိများ အိမ်ယာရှေ့ရှိ လမ်းခင်းကျောက်ပုံအား ရွှေချကာ စစ်ကောင်စီမှ ယတြာချေ

Author စကားဝါ
Categories
Published on Dec 29, 2023

ဧရာဝတီတိုင်း ပုသိမ်မြို့ တောင်ပေါ်တန်းရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းရှိ အရာရှိများ အိမ်ယာရှေ့တွင် လမ်းခင်းကျောက်ပုံအား ရွှေချကာ စစ်ကောင်စီမှ ယတြာချေမှုများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

 

လမ်းခင်းကျောက်ဖြူများကို ဝါးထရံများဖြင့် ကာရံကာ ရွှေချထားပြီးနောက် အမွှေးတိုင်များ ပန်းများဖြင့်ပါ ပူဇော်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“အရင်က မတွေ့ဘူး အခုရက်ပိုင်းမှ ယတြာနေမယ်၊ ကျောက်ဖြူတွေကို ရွှေချထားတာ ကျောက်တွေ ခြောက်ကိုးဆိုဒ်လို့ ပြောလို့ရမှာပေါ့ တစ်ကျင်းစာလောက်ရှိတယ်၊ ဘုရားဟောင်းမဟုတ်ဘူး လမ်းခင်းကျောက်တွေ”ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

 

ထို့အပြင် အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်း အသံမစဲ ပဌာန်းများ ရွတ်ဖတ်နေသလို၊ လုံခြုံရေးများ တိုးမြှင့်ချထားသည်ကိုလည်း တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

 

အနောက်တောင်တိုင်း စစ်ဌာချုပ်သည် ပုသိမ်မြို့ အခြေစိုက် စစ်ဌာနချုပ်တစ်ခုဖြစ်သည်။

 

ဓာတ်ပုံ – Google