ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိကို စစ်ကောင်စီက ထောင်ဒဏ် ငါးနှစ်ချ

Author ကိုပေါက်
Categories
Published on Dec 21, 2022

NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်နိူင်ဦးကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အချုပ်ထောင်တွင်းရှိ ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ
သိရသည်။

ဦးအောင်နိူင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးမှ ယနေ့ နံနက်ပိုင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်ဟု တရားလွှတ်တော်ရှေနေတစ်ဦးက CJ Platform ကိုပြောသည်။

“အကြမ်းဖက်နဲ့ အမိန့်ချတာက သူဖုန်းထဲမှာ ကိုဂျင်မီနဲ့ စကားပြောဖူးတာကြောင့် ကျန်တာမပါဘူး စကားပြောဖူး
တာနဲ့ပဲ ထောင်ချတာ”ဟု ပြောသည်။

ပြီးခဲ့သည့်လတွေကလည်း ဦးအောင်နိူင်ဦးကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ-၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) ဖြင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့တာလည်းရှိသည်ဟု တရားရုံးနှင့်နီးစပ်သူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် ဦးအောင်နိူင်ဦးမှာ ထောင်ဒဏ်စုစုပေါင်း ၁၅ နှစ်ကျခံရမှာ ဖြစ်ပြီး ထပ်မံ၍ စစ်ကောင်စီက တရားစွဲဆိုရန် ရှိမရှိကို မသိရသေးပေ။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးအောင်နိုင်ဦး #ဒေါ်အောင်ဆန်းစုကြည် #ကိုဂျင်မီ