ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျည်းသားအားလုံးလွှတ်ပေးရန် EUတောင်းဆို

Author လင်းခိုင်
Categories
Published on Sep 05, 2022

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးရန် ဥရောပသမဂ္ဂက စက်တင်ဘာ၅ရက် ယနေ့တွင် တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်မှုသည် တရားမျှတမှုမရှိသော စီရင်ချက်ဖြစ်ပြီး ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ဆိုသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် စွဲချက်ပေါင်း ၁၁ချက်ဖြင့် ထောင်ဒဏ်နှစ်၂၀ချမှတ်ခံရပြီး ကျန်ရှိနေသည့်စွဲချက်များစွာကိုလည်း ရင်ဆိုင်နေရကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထပ်ရင်ဆိုင်ရမည့် အမှု (၈) မှု ကျန်သေးပြီး၊ ယင်းအမှုများတွင် ရဟတ်ယာဉ် ဝယ်ယူမှု၊ လျှို့ဝှက်ချက်အက်ဥပဒေမှုတို့ အပါအဝင်ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၂၂၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၂၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း AAPPစာရင်းများအရ သိရသည်။
Photo – Reuters