ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး၏ အမျိုးသမီးက နားကပ်တစ်ရံကို စစ်ကြောင်းအတွက် လှူဒါန်း

Author လင်းခိုင်
Categories
Published on Jan 17, 2023

 

ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး၏ အမျိုးသမီးက ရွှေတစ်မတ်သားရှိ နားကပ်တစ်ရံကို စစ်ကြောင်းအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ဒေါင်းမင်းစစ်ကြောင်းစခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းပျက်စီးသွားသဖြင့် စစ်ကြောင်း၏ ရဲဘော်တစ်ဦး၏ အိမ်သူသက်ထားမှ ယင်းတို့ ပိုင်ဆိုင်သည့် နားကပ်တစ်ရံကို စစ်ကြောင်းအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူသိမခံသော်လည်း စစ်ကောင်စီကို အမြဲတွန်းလှန်နေသည့် တော်လှန်ရေးမောင်နှံ နှစ်ဦးမှလည်း ယင်းတို့၏ အထိမ်းအမှတ်ဖြစ်သည့် ရွှေတမတ်သားရှိ တော်လှန်ကြောင်လက်စွပ် တစ်ကွင်းကို စစ်ကြောင်းကိုလှူဒါန်းခဲ့သည်။

ယင်းအပြင် ဒေါင်းမင်းစစ်ကြောင်း၏ ထောက်ပို့တပ်ဖွဲ့၀င် စုံတွဲတစ်တွဲမှလည်း အမှတ်တရစုဆောင်းထား သည့် နာမည်ကြီးပန်းချီဆရာတစ်ဦး ၏ ပန်ချီးကား နှစ်ချပ်ကိုလည်း ဒေါင်းမင်းစစ်ကြောင်းကို လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းထားသည့် ပစ္စည်းများကို စစ်ကြောင်း၏ အဆောက်အဦးများပြ န်လည်တည်ဆောက်ခြင်း၊ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းနိုင်ရန်အတွက် မဲစနစ်ဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း ဒေါင်းမင်းစစ်ကြောင်းတာ၀န်ခံက CJ Platform သို့ပြောကြားသည်။

“ကျွန်တော်တို့အားလုံး အိမ်အတူပြန်နိုင်ကြဖို့ တတ်နိုင်သမျှ ကူညီပေးကြပါလို့ ပြည်သူလူထုကို မေတ္တာရပ်ခံလိုပါတယ်” ဟု ဒေါင်းမင်းစစ်ကြောင်း တာ၀န်ခံကပြောကြားသည်။

ကံစမ်းမဲ လက်မှတ်တစ်စောင်အား ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး ဒီပွဲမှာ ငါတို့နိုင်ကို နိုင်ရမည်ဆိုသည့် သံဓိဋ္ဌာန် အတိုင်း ပြည်သူများ ပူးပေါင်းပါ၀င်ကူညီမှုကို အကြွင်းမဲ့ယုံကြည်သည်ဟု ဒေါင်းမင်းစစ်ကြောင်းက ဆိုသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဒေါင်းမင်းစစ်ကြောင်း