ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂ ဦးထက်မနည်းသေဆုံး

Author ခေတ်နီ
Categories
Published on Nov 26, 2022

 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၂ဦးထက်မနည်း သေဆုံးသွားကြောင်း တပ်ရင်း၁၁၀၁ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။

ဒီမော့ဆိုမြို့ အရှေ့ဘက်ခြမ်းမှာ ယမန်နေ့ ညနေ ပိုင်းကစစ်ကောင်စီ၏ တပ်စုတစ်ခုနှင့် တပ်ရင်း – ၁၁၀၁၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သား၁၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တပ်ရင်း- ၁၁၀၁မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နှစ်ဖွဲ့နဲ့ပဲ ထိတွေ့မှုဖြစ်ခဲ့တာပါ တော်တော်လေးနီးကပ်တယ် သူတို့တွေကျတာ အတိုင်းသားမြင်ရတယ် တိုက်ပွဲအခြေအနေကတော့ သူတို့ဖက်က အတိအကျမြင်ရတာက ၁၂ ထက်တော့ မနည်းလောက်ဘူး မှောင်ရီဝေဝေဆိုတော့ အစချင်းတော့မြင်ရတယ် လက်နက်ကြီးပစ်ကူများကြောင့် ပြန်ထွက်လာခဲ့ရတယ်ဗျ”ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လွိုင်ကော်အမြှောက်တပ်များမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီး ဒီမောဆိုမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးပျက်စီးခဲ့ရကြောင်းလဲ စစ်ရေး သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ဓာတ်ပုံ- တပ်ရင်း၁၁၀၁
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒီမော့ဆို #ကရင်နီပြည် #တပ်ရင်း၁၁၀၁